(၇)ရက်သားသမီးကံဇာတာကောင်းအောင်
တင်္ဂနွေသားသမီးများ ငှက်ပျေားသီး(၁၀)လုံးကို အခွံနွာ၍ ပန်းကန်ပြားတွင်ထည့်ပါ။ အပေါ်မှ သိကြားဖြူးပါ။ တနင်္ဂနွေနေ့နံနက်(၉း၄၅)တွင် အိမ်ဘုရားစင်၌ ဆွမ်းတော်ကပ်ပါ။ တနင်္လာသားသမီး ပန်ကန်လုံး(၉)လုံးတွင် ဇီးသီးအပြည့်ထည့်၍ တနင်္လာနေ့နံနက်(၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပူဇော်ပါလေ။ အင်္ဂါသားသမီးများ ပန်းကန်ပြားအတွင်း၌ လက်ဖက်အသားချဉ်း (၅)ပုံပုံ၍ အင်္ဂါနေ့နံနက်(၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပူဇော်ပါလေ။ ဗုဒ္ဓဟူးသားသမီးများ ပန်ကန်ပြား(၃)ချပ်၌ ပဲပြုတ်များထည့်ကာ ဗုဒ္ဓဟူးနေ့နံနက်(၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပူဇော်ပါလေ။ ကြာသပတေးသားသမီးများ သရက်သီး(၆)စိပ်ကို ကြွေပုဂံတွင်ထည့်ကာ ကြာသပတေးနေ့နံနက်(၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပူဇော်ပါလေ။ သောကြာသားသမီးများ ဖန်ခွက်(၈)ခွက်ဖြင့် နွားနို့စစ်စစ်ကို အစိမ်းအတိုင်းထည့်ကာ သောကြာနေ့နံနက်(၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပူဇော်ပါလေ။ စနေသားသမီးများ အုန်းသီးကိုခြစ်၍ ပန်းကန်ပြားအသေး(၈)ပုဂံမှာခွဲ၍ထည့်ပြီး စနေနေ့နံနက်(၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပူဇော်ပါလေ။

0 comments:
Post a Comment