အိပ်မက်မက်ခြင်း၊အသားလှုပ်ခြင်း၊နိမိတ်ကောင်းမကောင်း

ကျွန်တော် ဒီနေရာလေးကနေပြီး အမေးအဖြေ ကဏ္ဍလေး တစ်ခု စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဘာအတွက်လည်း ဆိုတော့ မေးခွန်းသေးသေးလေးတွေ အတွက်ပါ။ ဥပမာ ညတုန်းက အိပ်မက်တစ်ခုမက်တယ် ဆိုကြပါစို့။ အဲဒီ အိပ်မက်ကောင်းမကောင်း အကျိုးအပြစ်ရှိမရှိ ဆိုတာလေးတွေရယ်၊ ညတုန်းက အိပ်မက်မက်တာ ကောင်းမကောင်း ဆိုတာလေးတွေကို ဒီနေရာလေးကနေ အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြေပေးပါ့မယ်။



နောက်ပြီး အသားလှုပ်နိမိတ် နဲပါတ်သက်တာတွေကိုလည်း နိမိတ် ကောင်းမကောင်း အကျိုးအပြစ် ကောင်းမကောင်း စတာတွေကို ဒီနေရာလေးကနေ ကြိုးစားပြီး ဖြေပေးသွားပါ့မယ်။ အဲဒီလို ဖြေတဲ့နေရာမှာ အိပ်မက်တိတ္တုံ ကျမ်းနဲ့ အသားလှုပ်ကျမ်း အလိုအရ ဖြေပေးမှာ ဖြစ်ပါတယ်။



အားလုံးကို အထူး မေတ္တာရပ်ခံချင်တာကတော့ ဒီနေရာလေးကနေ မည်သူ့ကိုမျှ ဗေဒင် တွက်ပေးမှာ မဟုတ်ပါဘူး။ ဗေဒင်ကို အသေးစိပ် ကျကျနန မေးချင်တယ်။ တွက်ချင်တယ် ဆိုရင်တော့ ဗေဒင်မေးမယ်ဆိုတဲ့ နေရာလေးကနေ မေးဖို့ တောင်းပန်ပါတယ်။ ဒီနေရာလေးမှာ မေးဖို့အတွက် မည့်သည့် မွေးသက္ကရာဇ်မှ မလိုအပ်ပါဘူး။ နာမည်ရယ် ကိုယ်မေးချင်တဲ့ ကိစ္စလေးတွေကို ရေးထားလိုက်ရင် အလျဉ်းသင့်သလို ၀င်ဝင်ပြီး ဖြေပေးသွားပါ့မယ်။



သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော

ဆရာဟိန်းတင့်ဇော်

ထိုင်းနိုင်ငံ-မဟာချိုင်မြို့





4 comments:

ဟိန်းတင့်ဇော်(ဗလာ) said...

ကဲ..... အားလုံးကို လှိုက်လှဲနွေးစွာ ကြိုဆိုပါတယ်။

Unknown said...

ဘယ်လက်မောင်းလှုပ်လိုက်ညာလက်မောင်းလှုပ်လိုက်
တစ်လှည့်စီခနခနလှုပ်ပါတယ်..ကောင်းမကောင်းသိချင်လို့ပါ.
ဖခင်ဆုံးတယ်လို့အိမ်မက်မက်တယ်..
တစ်လခွဲလောက်ရှိပါပြီ..ကောင်းမကောင်းသိချင်ပါတယ်ဆရာ

Unknown said...

ဘယ်လက်မောင်းလှုပ်လိုက်ညာလက်မောင်းလှုပ်လိုက်
တစ်လှည့်စီခနခနလှုပ်ပါတယ်..ကောင်းမကောင်းသိချင်လို့ပါ.
ဖခင်ဆုံးတယ်လို့အိမ်မက်မက်တယ်..
တစ်လခွဲလောက်ရှိပါပြီ..ကောင်းမကောင်းသိချင်ပါတယ်ဆရာ

Unknown said...

ဘယ်လက်မောင်း..ညာလက်မောင်း
တစ်လှည့်စီခနခနလှုပ်တာသိချင် ပါတယ်ဆရာ..
ဖခင်ဆုံးတယ်လို့အိမ်မက်မက်တာ..ကောင်းမကောင်းသိချင်ပါတယ်

Post a Comment

 

အွန်လိုင်းမှဗေဒင်မေးလိုသောသူများအတွက် | ဒီလအတွက်ဟောစာတမ်းဖတ်ရန် | ဥုမ်သဟာအွန်လိုင်းစာကြည့်တိုက်သို့ | ပို့အားလုံးခေါင်းစဉ်များ